You are here

9.1 Score

iPhone 7 Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Apple iPhone 7's Key Features

    SIZE 4.70in 750 x 1334 pixels
    CAMERA 12MP Front 7MP
    CPU 10.00GHz Quad-core
    RAM 2GB up to 256GB Storage
    iOS 10
    BATTERY Li-Ion

    အဆင့်မြင့် စမတ်ဖုန်းဆိုတာ အရည်အသွေးကောင်း ပစ္စည်းနှင့် အဆင့်မြင့် နည်းပညာတွေ ပါဝင်ရုံနဲ့ မပြီးပါဘူး။ ဖက်ရှင်တစ်ခုလိုလည်း အသုံးပြုသူကို ထောက်ပံ့ပေးနိုင်ရပါမယ်။ စမတ်ဖုန်းကိုင်ထားချိန်မှာ ဆွဲဆောင်မှု ရှိသွား တာမျိုးပေါ့။

    အခု အထက်ပါ အရည်အချင်းနှစ်မျိုးလုံးနှင့် ကိုက်ညီတဲ့ ဖုန်းတစ်မျိုးအကြောင်းကို ရေးသားသွားပါမယ်။ iPhone 7 အကြောင်း ဖြစ်ပါတယ်။

    iPhone 7 က အသုံးပြုရတာ ကျေနပ်အားရစရာကောင်းပါတယ်။ Apple ရဲ့ဟာ့ဒ်ဝဲလ်နှင့် ဆော့ဝဲလ်ကလည်း ဟန်ချက်ညီညီ အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် App တွေ အသုံးပြုတဲ့အခါမျိုးမှာပေါ့။ ဖုန်းစာမျက်နှာ တစ်ခုနှင့် တစ်ခု ကူးဖို့ မျက်နှာပြင်ကို ပွတ်လိုက်ချိန်မှာ App တွေက လေပြေလေးတွေအလား ရွှေ့လျားသွားကြပါတယ်။ ဒါမျိုးကို Android အဆင့်မြင့်ဖုန်းတော်တော်များများမှာ မခံစားရပါဘူး။

    iPhone 7 ရဲ့ အဓိကဆွဲဆောင်နိုင်မှုတွေက ရေစိမ်ခံစနစ်၊ လျှင်မြန်တဲ့ Processor ပါဝင်မှုအပြင် ကျေနပ်ပီတိ ဖြစ်စေမယ့် ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် ကင်မရာ ပါဝင်မှု ဖြစ်ပါတယ်။

    ဒါပေမယ့် Apple ပရိသတ်တွေအနေနဲ့ တကယ်ကော လက်ရှိ အသုံးပြုနေတဲ့ iPhone ကို စွန့်ခွာပြီး iPhone 7 ပြောင်းသုံးသင့်သလား။ inmya.com ရဲ့ iPhone 7 အပေါ် သုံးသပ်ချက်လေး ဖတ်ကြည့်ပါဦး။ 

     

    iPhone 7 ရဲ့ ဒီဇိုင်းက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ iPhone 6s အရမ်းကြီး ကွဲပြားသွားတယ်လို့ ပြောဖို့ အင်မတန်ခက်ခဲပါတယ်။ ဆတ်ခနဲ ကြည့်လိုက်ရင် သို့လော၊ သို့လော ထင်ရပါတယ်။ ဒါပေမယ့် iPhone 6s ရဲ့ ဒီဇိုင်းက ပြီးပြည့်စုံပြီးသားပါ။ ဒါကြောင့် ပိုမို အားစိုက်လုပ်ဆောင်ထားတဲ့ iPhone 7 က ဆွဲဆောင်မှု ပိုရှိနေပါတယ်။ iPhone 7 က iPhone 6s ထက် ငါးဂရမ်ပိုပြီးတော့ ပေါ့ပါတယ်။ ငါးဂရမ်ဆိုတဲ့ ပမာဏက လက်ထဲသို့ ထည့်ကြည့်ရင် သိပ်သာတဲ့ အလေးချိန်မဟုတ်ပါဘူး။

    ကျောဘက်မှာ ပလတ်စတစ်လိုင်း ပါဝင်နေတာက iPhone 7 နှင့် iPhone 6s တို့ရဲ့ အဓိကကွဲပြားမှု ဖြစ်ပါတယ်။ အပေါ်နှင့်အောက် လိုင်းတစ်ခုစီ ထည့်သွင်းထားပါတယ်။ အနက်ရောင်နှင့် Jet Black အမျိုးအစားတွေမှာ လိုင်းက ပျောက်သလောက် ဖြစ်နေပြီး ငွေရောင်၊ ရွှေရောင်နှင့် နှင်းဆီရွှေရောင် မော်ဒယ်တွေမှာတော့ အဖြူရောင်လိုင်းကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။

    ကျောဘက်ကင်မရာ Len က နည်းနည်းပြူးထွက်နေပါတယ်။ မှန်ကို အလူမီနီယမ်လိုင်းနဲ့ ကွပ်ထားပါတယ်။ ဒါက iPhone 6s ကင်မရာနှင့် သိသာတဲ့ ကွဲပြားမှု ဖြစ်ပါတယ်။ ဒါပေမယ့် iPhone 7 ကိုရော iPhone 6s ကိုရော လက်ထဲ ထည့်ကြည့်ပြီး နှိုင်းယှဉ်ကြည့်မှ သိနိုင်တာမျိုးပါ။

    ဖုန်းအောက်ခြေမှာ နားကြပ်ပေါက် မပါဝင်တော့ပါဘူး။ ယခင် နားကြပ်ပေါက်နေရာမှာ စပီကာဖြည့်ပေးထားပါ တယ်။ ဒီအချက်ကလည်း iPhone 7 မှန်း သိနိုင်တဲ့ ထူးခြားချက်ဖြစ်ပါတယ်။

    ကျစ်လစ်တဲ့ ကိုယ်ထည်၊ ထောင့်ကွေးတွေကြောင့် ဆွဲဆောင်မှု အားကောင်းပြီး ကိုယ်ထည်ရ အဆင်ပြေပါတယ်။ 

    တကယ်ပါပဲ။ အမှန်ပါ။ ၃.၅ မီလီမီတာ နားကြပ်ပေါက် မပါဝင်တော့ပါဘူး။ နားကြပ်ပေါက် မပါဝင်တာကြောင့် သင့်အနေနဲ့ သီချင်းနားထောင်မယ်ဆိုရင် အားသွင်းပေါက်ကနေ ချိတ်ဆက်ပြီး နားထောင်ရပါမယ်။ ဒါမှ မဟုတ် ရင် ကြိုးမဲ့ နားကြပ်သုံးရပါမယ်။

    နားကြပ်ပေါက် ဖြုတ်လိုက်တာဟာ Apple ရဲ့ အငြင်းပွားစရာအကောင်းဆုံး ဆန်းသစ်ဖန်တီးလိုက်မှု တစ်ခု ဖြစ်ပါတယ်။ နားကြပ်ပေါက်စနစ်က Sony Walkman ခေတ်ကလည်း လူတွေ အသုံးပြုလာကြတာ ဖြစ်ပါ တယ်။ အသုံးပြုသူအတွက် အကြပ်တွေ့စေပါတယ်။ Apple ကတော့ လူတွေဟာ သူတို့ရဲ့ ဆန်းသစ်မှုမှာ အသားကျလာမယ်လို့ ယုံကြည်နေပါတယ်။ လူတွေက Apple ကို သူတို့ရဲ့ ကြိုးမဲ့နားကြပ်ကို မဖြစ်မနေ ၀ယ် အောင် နားကြပ်ပေါက်ဖြုတ်လိုက်တာလို့ ဝေဖန်နေကြပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပရိသတ် အိတ်ထဲက ပိုက်ဆံကို ချွေယူတဲ့ နည်းတစ်မျိုးပါပဲ။

    Apple ကတော့ ဗူးထဲမှာ အားသွင်းပေါက်နဲ့ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်မယ့် နားကြပ်တစ်ခု ထည့်သွင်း ပေးထားပါတယ်။ တကယ်လို့ သင့်အနေနဲ့ ယခင် နားကြပ်ဟောင်းကိုပဲ အသုံးပြုချင်တယ်ဆိုရင် ချိတ်ဆက်နိုင် ဖို့ Adaptor တစ်ခု ထည့်သွင်းပေးထားပါတယ်။ Adaptor က သေးလွန်းတာကြောင့် လူတွေက အလွယ်တကူ ပျောက်နိုင်တယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ ဒါလည်း အမှန်ပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ယခင် နားကြပ် ဟောင်းမှာ Adaptor ကို မဖြုတ်တန်း တတ်ဆင်ထားမယ်ဆိုရင်တော့ မပျောက်နိုင်တော့ပါဘူး။ အားသွင်း ပေါက်ကနေ ချိတ်ဆက်ပြီး သီချင်းနားထောင်တဲ့အခါ အသံက ယခင် ပုံစံထက် ပိုပြီးတော့ ကောင်းမွန်တာကို တွေ့ရပါတယ်။       

    iPhone 7 မှာ ပါဝင်တဲ့ Home Botton က အသစ်ဖြစ်ပါတယ်။ ယခင် မော်ဒယ်တွေမှာတုန်းက ဖိနှိပ်လို့ ရပါတယ်။ iPhone 7 ရဲ့ Home Botton က နှိပ်လို့မရပါဘူး။ ဒါပေမယ့် လက်တင်လိုက်တဲ့အချိန်မှာ ယခင် နှိပ်ရတဲ့စနစ်လိုပဲ အလုပ်လုပ်ပါတယ်။ ယခင် ဖိနှိပ်ရတဲ့ Home Botton လိုပဲ ခံစားရပါတယ်။

    Apple ဟာ ရေစိမ်ခံနိုင်အောင် လုပ်ဆောင်ဖို့အတွက် အခုလို Home Botton ကို ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ရေတွေ အထဲသို့ မ၀င်နိုင်တော့ပါဘူး။

    Home Botton သစ်က Touchscreen လိုပါပဲ။ အသားနဲ့ ထိတွေ့မှုလိုအပ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လက်သည်းနဲ့ ဖိတာမျိုး၊ လက်အိတ်နဲ့ ထိလို့ မရပါဘူး။

    iPhone 7 ကို ရေစိမ်ခံစနစ် ပါတာလား၊ ရေဖျန်းခံစနစ် ပါဝင်တာလားလို့ လူတွေ အငြင်းပွားနေကြပါတယ်။ နည်းပညာပိုင်းအရ ပြောရမယ်ဆိုရင်တော့ ဒီဖုန်းက ရေစိမ်ခံဖုန်းပါ။ iPhone 7 က lP67 ထောက်ခံချက်ရရှိ ထားပါတယ်။ ဒါကြောင့် ရေအောက်တစ်မီတာမှာ မိနစ် သုံးဆယ်ကြာ အစိမ်ခံနိုင်ပါတယ်။ ဒါပေမယ့် Apple က iPhone 7 ကို ရေ၀င်ပြီး ဖုန်းတစ်ခုခု ဖြစ်သွားရင် အာမခံ မပေးဘူးလို့ ဆိုထားပြန်ပါတယ်။

    ဘာပဲဖြစ်ဖြစ် iPhone 7 က ရေဖျန်းတာပဲဖြစ်ဖြစ်၊ ရေဆေးတာပဲဖြစ်ဖြစ်၊ ရေစိမ်တာပဲဖြစ်ဖြစ် ဘာမှ ပြဿနာ မရှိပါဘူး။ ရေစိမ်ခံစနစ်က Apple ပရိသတ်တွေ အခုမှ ထိတွေ့ရတာပါ။ Samsung ပရိသတ်တွေကတော့ ရေစိမ်ခံစနစ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကတည်းက အသုံးပြုလာခဲ့ရတာပါ။ iPhone သမိုင်းမှာ iPhone 7 က ရေစိမ်ခံနိုင်တဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။

    Apple ဟာ iPhone 7 Plus မှာ ကျောဘက်ကင်မရာနှစ်ခု စနစ်အသုံးပြုထားတာကြောင့် ဝေဖန်သုံးသပ်မှု အများကြီး ကြုံခဲ့ရပါတယ်။ ကျောဘက်ကင်မရာနှစ်ခု စနစ်မှာ Optical Zoom စနစ်အပြင် နောက်ခံ ၀ါးတာ တို့ လုပ်နိုင်တဲ့ စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။ စိတ်မကောင်းစရာကတော့ အရွယ်အစား သေးငယ်တဲ့ iPhone 7 မှာတော့ ကျောဘက်ကင်မရာတစ်ခုပဲ သုံးထားပါတယ်။ iPhone 6s လိုပဲ 12MP ကင်မရာဆင်ဆာ ဖြစ်ပါတယ်။

    ဒါပေမယ့် ကင်မရာအရည်အသွေးပိုင်းမှာ iPhone 7 က အများကြီး ပိုကောင်းလာပါတယ်။ အလင်းရောင် အားနည်းချိန်မှာတောင် ဓာတ်ပုံကောင်း ရိုက်ကူးနိုင်ပါတယ်။

    Optical Image Stabilisation ပါဝင်ပါတယ်။ ဒီစနစ်က iPhone 6s Plus မှာပဲ ပါဝင်ခဲ့ပါတယ်။ အလင်းဝင် ပေါက် f/1.8 သုံးထားပါတယ်။ ဒီစနစ်ကြောင့် ဆင်ဆာသို့ အလင်းဝင်ရောက် ၅၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန် လာစေပါတယ်။ Len ကို အစိတ်အပိုင်း ခြောက်ခုနှင့် တည်ဆောက်ထားတာ ဖြစ်ပြီး Quad LED ပါဝင်ပါတယ်။

    ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ဗီဒီယိုရိုက်ကူးချိန်မှာပဲ ဓာတ်ပုံရိုက်ကူးချိန်မှာပဲ ဖြစ်ဖြစ် အနုစိတ် ပေါ်အောင် ရိုက်ကူးနိုင်ပါမယ်။ အထူးသဖြင့် အလင်းအားနည်းချိန်မှာ ရိုက်ကူးတဲ့အခါ iPhone 6s ဓာတ်ပုံထက် iPhone 7 ဓာတ်ပုံက အရည်အသွေးပိုင်း အလင်းပိုင်း တော်တော် သိသိသာသာ ကောင်းမွန်သွားပါတယ်။ အရောင်အသွေးပိုမို ထွက်ပေါ်လာကာ အနုစိတ်လာပါတယ်။

    iPhone 7 ရဲ့ Selfie ကင်မရာက 7MP ဖြစ်ပါတယ်။ iPhone 6s တုန်းက 5MP ပါ။ FullHD ဗီဒီယိုရိုက်ကူးနိုင်ပါ မယ်။ Auto Image Stabilisation ပါဝင်ပါတယ်။

    မပြောင်းလဲတဲ့ အခြားအရာတစ်ခုက ဖုန်း အရွယ်အစားနဲ့ ရုပ်ထွက်ပိုင်းပါ။ iPhone 6s လိုပဲ iPhone 7 ကလည်း မျက်နှာပြင် ၄.၇ လက်မဖြစ်ပြီး 1334x750 Resolution ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ထွက်ပိုင်းမှာ အလင်းရောင် ပေးနိုင်မှု ၂၅ ရာခိုင်နှုန်း ပိုပြီးတော့ ကောင်းမွန်လာပါတယ်။ အရည်အသွေး ပေးစွမ်းနိုင်မှု ပိုတိကျလှပလာါတယ်။ ဒါပေမယ့် iPhone 7 နှင့် iPhone 6s တို့အကြား ရုပ်ထွက် ဘယ်လောက် ကွာခြားတယ် ဆိုတာ အမြင်နဲ့ ပြောဖို့က အင်မတန် ခက်ခဲနေတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် iPhone 7 ရဲ့ ရုပ်ထွက်ပိုင်းက ပြီးပြည့်စုံမှုမရှိဘူး၊ ကျေနပ်အားရစရာမရှိဘူးလို့ ပြောရပါမယ်။

    စပီကာအရည်အသွေးကလည်း တိုးတက်ကောင်းမွန်လာပါတယ်။ iPhone 7 မှာ စတီရီယိုစပီကာနှစ်လုံး ပါဝင်ပါ တယ်။ တစ်လုံးက အပေါ်မှာဖြစ်ပြီး တစ်လုံးက အောက်ခြေမှာ ဖြစ်ပါတယ်။ ဒါကြောင့် iPhone 6s ထက် နှစ်ဆ ပို အသံကျယ်တယ်လို့ ပြောလို့ရပါတယ်။  အသံအရည်အသွေးပိုင်း ပိုမိုကောင်းမွန်ပြီး ကျယ်လောင်မှုလည်း ရှိ လာပါတယ်။ ယခင် iPhone တွေတုန်းက အောက်ဒိုးမှာ သီချင်း နားထောင်ရင် အသံအဆုံးအထိ တင်ထားရင် တောင် သိမကြားရချင်ပါဘူး။ ဒါပေမယ့် iPhone 7 မှာတော့ အသံတော်တော် အလုပ်ဖြစ်တာ တွေ့ရပါတယ်။

    Apple က iPhone 7 မှာ ထည့်သွင်းထားတဲ့ A10 Fusion က စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ Chipset ထဲမှာ ပါဝါအမြင့်ဆုံးလို့ ပြောထားပါတယ်။

    App တွေကို ဖွင့်ရ/ပိတ်ရတာ အလွန်မြန်ဆန်လှပါတယ်။ iPhone 7 နဲ့ ဘယ်ဂိမ်းကိုပဲ ကစား ကစား ဂရပ်ဖ်ပိုင်း ဘာပြဿနာမှ မရှိပါဘူး။ စွမ်းဆောင်ရည်ပိုင်း မြင့်တင် လုပ်ဆောင်ထားတာကြောင့် ကိုယ်က App တစ်ခုကို ဖွင့်ပြီး သုံးချိန်မှာ ကိုယ်ဖွင့်ထားတဲ့ နောက်ခံ App တွေရဲ့ ရိုက်ခတ်မှုကို မခံစားရပါဘူး။

    iPhone 7 ဘက်ထရီက iPhone 6s ထက် နှစ်နာရီအထိ ပိုတာရှည်ခံတယ်လို့ ဆိုထားပါတယ်။ တစ်နေ့တာ ကာလကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရပေမယ့် ၁၆ နာရီတော့ ကောင်းကောင်း အလုပ်လုပ်လို့ ရပါတယ်။ လေ့လာ စမ်းသပ်သူတွေကတော့ iPhone 7 ရဲ့ ဘက်ထရီက iPhone 6s ထက် တစ်နာရီခွဲပဲ ပိုတာရှည်ခံတယ်လို့ ရေး သားလျက်ရှိပါတယ်။

    သင်ဟာ iPhone အသုံးပြုခဲ့ဖူးတဲ့သူဆိုရင် iOS 10 က အရမ်း အံ့သြစရာတော့ မရှိပါဘူး။ ယခင် iOS ဗားရှင်းတွေနဲ့ အများကြီး ကွာခြားမှုမရှိပါဘူး။ အသေးစား ကွဲပြားသွားမှုတွေပဲ ရှိနေပါတယ်။ ဒါပေမယ့် စနစ် သစ်အချို့ ထည့်သွင်းလာတော့ တွေ့ရပါတယ်။

    အကြီးမားဆုံး ပြောင်းလဲမှုကတော့ Notification တက်လာမှုဖြစ်ပြီး အလျှင်အမြန် ပြန်လည် reply လုပ်နိုင်လာ ခြင်းပါ။ Lockscreen ကလည်း တော်တော် အလုပ်လုပ်လာပါတယ်။ နောက်ဆုံး Notification တွေ ကြည့်လာ နိုင်ပါတယ်။ ညာခြမ်းသို့ ရွှေ့ပြီးSiri ကို ညွှန်ကြားလာနိုင်ပါတယ်။

    နောက်ထပ် ထူးခြားတာက Message App ဖြစ်ပါတယ်။ ပုံရေးလာနိုင်တယ်၊ Emoji တွေ ခန့်မှန်းပေးတယ်။ WhatsApp အသုံးမပြုဘဲ သူတို့ရဲ့ Message တစ်ခုတည်းနဲ့ အလုပ်လုပ်နိုင်ပါတယ်။ ဓာတ်ပုံနှင့် မြေပုံတွေက လည်း ကွဲပြားလာပါတယ်။ 3D Touch နဲ့ အများကြီး လုပ်ဆောင်လာနိုင်ပါတယ်။

    9.00
    8.50
    9.50
    9.50
    9.50
    8.50
    Strength 
    iPhone 7 က စမတ်ဖုန်းခေတ်ကို ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ပိုမိုတိုးတက်ကောင်းမွန်လာအောင်ပဲ လုပ်ဆောင်ပါတယ်။ ဒီဇိုင်းပိုင်းက ယခင် iPhone တွေနဲ့ ထူးခြားမှုမရှိပါဘူး။ ရေစိမ်ခံနိုင်မှုကတော့ ဆွဲဆောင်မှုအရှိဆုံး အချက်ပါ။ ကင်မရာအရည်အသွေး ကောင်းမွန်ပါတယ်။
    Weakness 
    နားကြပ်ပေါက်မပါဝင်ပါဘူး။ ဈေးနှုန်းက မြင့်မားပါတယ်။ သင်ဟာ iPhone 6s ကို သုံးနေတဲ့သူဆိုရင် လာမယ့် နှစ်မှာ ထွက်လာမယ့် iPhone 8 ကို စောင့်နေတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။