You are here

MPT ရဲ့ ဖုန်းလက်ကျန်ငွေ ကျပ် ၂ သန်းဆုကို ဆွတ်ခူးသွားတဲ့ ကံထူးရှင်များထွက်ပေါ်လာ

Mobile
Promotions
Telecom

             ယခုအခါ MPT ရဲ့ သန်း ၂၀ ပြည့်မြောက်ခြင်းအထိမ်းအမှတ်အနေဖြင့်ကျင်းပပြုလုပ်တဲ့ ကံစမ်းမဲအစီအစဉ်မှာ ဖုန်းလက်ကျန်ငွေ ကျပ် ၂ သန်းဆုကို ဆွတ်ခူးသွားတဲ့ ကံထူးရှင်များထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း သိရှိရပါ တယ်။ MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ဒီ သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်း မှတ်တိုင်သစ်အဖြစ် ပြုလုပ်တဲ့ ကံစမ်းမဲအစီအစဉ်ဟာ ကျွန်တော်တို့   MPT သုံးစွဲသူတိုင်း အတွက်ဖြစ်ပြီး လူတိုင်းကလည်း စိတ်ဝင်စားစွာ ပါဝင်တာတွေ့ရတဲ့အတွက် တကယ်ကို ဝမ်းသာစရာဖြစ်ခဲ့ပါတယ်၊ MPT ကနေပြီးတော့ ဆုမဲပေါက်သွားတဲ့ ကံထူးရှင်တွေအတွက် ဂုဏ်ယူပါတယ်၊ ဒီအစီအစဉ်မှာပါဝင်ခဲ့တဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ရှေ့သို့လှမ်းချီ မြန်မာပြည် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ရှေ့ဆက်ပြီးတော့ လည်း စိတ်ဝင်စားစရာကောင်းတဲ့ ပရိုမိုးရှင်းတွေနဲ့ ငွေကုန်ကြေးကျသက်သာမယ့် အစီအစဉ်တွေကို ပြုလုပ်ပေးပြီး သုံးစွဲသူတွေရဲ့ အစဉ်တစိုက်အားပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုပေးသွားဦးမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

          ဖုန်းလက်ကျန်ငွေ ကျပ် ၂ သန်းဆုကို ဆွတ်ခူးသွားသည့် ကံထူးရှင်များမှာ - မန္တလေး မဟာအောင်မြေ မြို့နယ်မှ မချို (09-2053XXX)၊  ဟဲဟိုးမြို့မှ ကိုကျော်မျိုးငြိမ်း (09-428333XXX)၊ အင်္ဂပူမြို့နယ်မှ ဦးကံထွန်း (09-250119XXX)၊ အမ်းမြို့မှ ကိုထွန်းအောင်ကျော်  (09-250060XXX)၊ လမ်းမတော်မြို့နယ်မှ ကိုဇော်လင်း (09-450050XXX)၊ မုဒုံမြို့မှ မမာလာယု (09-425321XXX)၊  ရွှေဘိုမြို့မှ ဦးခင်ဇော် (09-256298XXX)၊ ယင်းမာပင်မြို့နယ်မှ ဦးခင်မောင်ညွန့် (09-256468XXX)၊  မင်းလှမြို့နယ်မှ မတင်မာမြင့် (09-254840XXX)၊ ဟိုပင်မြို့နယ်မှ မသင်းသင်းကြူ (09-259663XXX)၊  တောင်ကြီးမြို့မှ ကိုသက်လွင်ဦး (09-253294XXX)၊  အင်္ဂပူမြို့နယ်မှ ကိုခင်မောင်ဆွေ (09-253466XXX)၊  ဘိုကလေးမြို့မှ ဦးကျင်ဟင်း (09-252480XXX)၊  ကော့ကရိတ်မြို့မှ ကိုစောပေါ်ဦးကျော်အဲ (09-260948XXX)၊  မင်းလှမြို့မှ ကိုရဲဝင်းနိုင်  (09-450507XXX)၊  အင်းလေးမြို့မှ မဝေနုအေး (09-451798XXX) တို့ဖြစ်ပါတယ်။  ဒါ့အပြင် ကံထူးသည့် ဖုန်းနံပါတ်များ အားလုံးထံသို့ SMS ပေးပို့ပြီးဖြစ်ကာ ကံထူးသူ ၂၀ ထဲမှ ၄ ဦးကို ဖုန်းဖြင့်ဆက်သွယ်နေဆဲ ဖြစ်ပြီး ၎င်းတို့ဆုမဲပေါက်သည့်အကြောင်းကို ဆက်သွယ် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ ဆုမဲပေါက်သူများအား မည်သည့်ငွေဖြည့်ပမာဏဆုမဲကို ဆွတ်ခူးရရှိသည် ဆိုသည့်အကြောင်း SMS တွင် အသေးစိတ် ရှင်းပြထားမည်ဖြစ်ကာ SMS ရရှိပြီး ၂၄ နာရီအတွင်း မိမိတို့ ရရှိသည့် ဆုမဲပမာဏကို ဖုန်းလက်ကျန်ငွေအဖြစ် အလိုအလျောက်ဖြည့်သွင်း ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။  

Related Articles