7.3 Score

Samsung Galaxy J7 Pro Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Samsung Galaxy J7 Pro's Key Features

    SIZE 5.50in 1080 x 1920 pixels
    CAMERA 13MP Front 13MP
    CPU 1.60GHz Octa-core
    RAM 3GB up to 64GB Storage
    Android OS 7.0 Nougat
    BATTERY 3600mAh Li-Ion

    ဇွန်လအတွင်းမှာ Samsung ကနေထပ်မံမိတ်ဆက်ပေးခဲ့တဲ့ Galaxy J7 Pro Smartphone ဟာ ယခင်ထွက်ရှိခဲ့ တဲ့ Galaxy J Series တွေနဲ့မတူတော့ဘဲ ဒီဇိုင်းပိုင်းသိသိသာသာ ကွဲပြားသွားသလို အထူးသဖြင့် ကင်မရာပိုင်း လုပ်ဆောင်ချက်တွေမှာပါ အဆင့်မြှင့်တင်ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဖုန်းမှာက Dual Messenger Solution ပါရှိတာကြောင့် သုံးစွဲသူတွေအနေနဲ့ Social Media App မှာဖြစ်စေ၊ Chatting Application မှာဖြစ်စေ အလုပ်နှင့် ကိုယ်ရေးကိုယ်တာ အကောင့် ၂ခု တစ်ပြိုင်နက်တည်းအသုံးပြုလို့ရမှာဖြစ် ပါတယ်။ Dual Sim အသုံးပြုနိုင်တဲ့ Smartphone အမျိုးအစားဖြစ်ကာ 4G (LTE) ကို အပြည့်အ၀ထောက်ပံ့ ပေးမှာပါ။ ဒီဖုန်းရဲ့ဈေးနှုန်းက ငွေကျပ် (၄၀၅,၀၀၀) ဖြစ်ကာ အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင် နှင့် ငွေပြာရောင် စတဲ့အရောင် (၄) မျိုးကိုရွေးချယ်ဝယ်ယူနိုင်ပါလိမ့်မယ်။

    ကိုယ်ထည်ပိုင်းကို သတ္တုဖြင့် ကျစ်လစ်လှပစွာပြုလုပ်ပေးထားကာ ဖုန်းရဲ့အရွယ်အစားက (152.4 x 74.7 x 7.9) mm ရှိပါတယ်။ မျက်နှာပြင်အရွယ်အစားက (၅.၅) လက်မရှိပေမယ့် ဖုန်းအရွယ်အစားက အရမ်းကြီး ကြီး မားမနေဘဲ လက်တစ်ဖက်တည်းဖြင့် အဆင်ပြေပြေကိုင်တွယ်အသုံးပြုနိုင်စေမယ့် ပုံစံမျိုးဖြစ်အောင် လုပ်ဆောင် ပေးထားပါတယ်။ Super AMOLED Full HD မျက်နှာပြင်ကိုအသုံးပြုပေးထားတာကြောင့် ရုပ်ထွက်ပိုင်းကြည် လင်ကောင်းမွန်နေတာကို တွေ့မြင်ရပါလိမ့်မယ်။  မျက်နှာပြင်မှာ Multitouch စနစ်ကိုအသုံးပြုခွင့်ပေးထားတဲ့ အပြင် Always-On-Display လုပ်ဆောင်ချက်လည်းပါရှိပါတယ်။

    ဒီဖုန်းမှာ Fingerprint လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပြီး Fingerprint Sensor  ကဖုန်းမျက်နှာပြင်ရဲ့ အရှေ့ဘက် Home Button မှာရှိပါတယ်။ Screen Unlock ပြုလုပ်ခြင်းကို မြန်ဆန်လွယ်ကူစွာပြုလုပ်နိုင်မှာဖြစ် ကာ အခြားလုပ်ဆောင်ချက်များလည်းပါရှိပါတယ်။ ဒါ့အပြင် Home Button ကို (၂) ချက်နှိပ်ရင် ကင်မရာလုပ် ဆောင်ချက်ဆီ တိုက်ရိုက်ဝင်ရောက်နိုင်မယ့် Quick Launch လုပ်ဆောင်ချက်ပါဝင်ပါတယ်။ Dual Messenger solutions လုပ်ဆောင်ချက်အသစ်အား ထည့်သွင်းပေးထားတာကြောင့် သုံးစွဲသူများအနေဖြင့် Social Apps တွေအသုံးပြုတဲ့အခါ အဆင်ပြေစေမှာပါ။ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့ 1.6GHz octa-core processor နဲ့အတူ RAM (3) GB က အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။ Internal Memory (32) GB ပါဝင်ပြီး Memory ကိုတိုးမြှင့်အသုံးပြုနိုင်မှာပါ။ အသုံးပြုပေးထားတဲ့ OS ကတော့ Android 7.0(Nougat) ဖြစ်ပါတယ်။

    ကင်မရာပိုင်းမှာတော့ အရှေ့နဲ့ အနောက်တို့မှာ (13.0) Megapixels ရှိတဲ့ ကင်မရာတွေ တပ်ဆင်ပေးထားပါ တယ်။ အနောက်ကင်မရာမှာ F1.7 Lens ကိုတပ်ဆင်ပေးထားတာကြောင့် ပုံရိပ်တွေကို အကောင်းမွန်ဆုံး ဖမ်း ယူနိုင်မှာဖြစ်ပြီး Full HD ဗီဒီယိုတွေကိုပါ ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။ အရှေ့ကင်မရာမှာ F1.9 ကိုတပ်ဆင်ပေး ထားတာကြောင့် Selfie ပုံရိပ်တွေကို ကောင်းမွန်စွာရိုက်ယူနိုင်မှာဖြစ်တဲ့အပြင် Selfie Panorama လုပ်ဆောင် ချက်လည်း ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီပိုင်းအတွက် 3600 mAh ဘက်ထရီအမျိုးအစားကိုအသုံးပြု ပေးထားကာ အားသွင်းရာမှာမြန်ဆန်စေမယ့် Fast Charging စနစ်တော့ မပါရှိပါဘူး။

     

     

    7.50
    7.50
    7.00
    7.00
    7.50
    7.50
    Strength 
    Social App နှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုလိုသူတွေကို အဆင်ပြေစေမယ့် Smartphone တစ်လုံးဖြစ်ပြီး ယခင် J Series Smartphone တွေထက် ဒီဇိုင်းပိုင်း ပိုလှလာပါတယ်။
    Weakness 
    ဈေးနှုန်းပိုင်းအနေအထားက Galaxy A5 နဲ့ သိပ်မကွာတော့တဲ့ပုံစံမှာရှိတာကြောင့် ၀ယ်သုံးမယ့် User အတွက်က Galaxy A Series ကိုရွေးချယ်ရမလား၊ ဒီ J7 Pro ကိုရွေးချယ်ရမလား ဆိုတာကို ဒွိဟဖြစ်စေမှာပါ။