8.3 Score

SAMSUNG GALAXY NOTE 5 Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Samsung Galaxy Note5's Key Features

    SIZE 5.70in 1440 x 2560 pixels
    CAMERA 5MP Front 16MP
    CPU 1.50GHz Octa-core
    RAM 4GB up to 128GB Storage
    5.1.1 Lollipop
    BATTERY 3000mAh Li-Pol

         Palm နှင့် Microsoft တို့က အမှန်တကယ် အသုံးဝင်ပြီး ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဆိုတာ စာလည်း ရေးလို့ ရရမယ်လို့ ပြောခဲ့ကြဖူးပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ မှတ်စုတိုလေးတွေ ရေးပြီး မှတ်တမ်း တင်နိုင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က အခုမှ ဒါကိုလုပ်လာခဲ့ကြတာပါ။ Samsung က မှတ်စုတိုလေးတွေ ရေးသားနိုင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချလာခဲ့တဲ့ နှစ်တွေတောင် အတော်ကြာမြင့်ပါပြီ။
    တစ်နှစ် တစ်မျိုး မရိုးရအောင် ထုတ်လာခဲ့တာ အခုဆို Samsung Galaxy Note 5 သို့အထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အခု သုံးသပ်ချက်ရေးသားမယ့် Samsung Galaxy Note 5 က ဇန်န၀ါရီမှာ ထွက်ခဲ့တာဖြစ်ပြီး လက်ရှိ    ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ရောင်းနေပါတယ်။ Samsung ရဲ့ နောက်ဆုံးထုတ် Note ဖြစ်သလို အရင်တုန်းတွေတုန်းက အားနည်းချက်တွေအားလုံးကို ပြုပြင်ထားသလို ပိုကောင်းလာအောင်လည်း ဖန်တီးထားတာ တွေ့ရပါတယ်။

         Samsung Galaxy Note 5 နှင့်ပတ်သက်ပြီး အရေးအကြီးဆုံးအချက်ကတော့ ဒီဖုန်းကို ကိုင်လိုက်တဲ့အချိန်မှာ အရင်တုန်းက Samsung ရဲ့ Note 1,2,3,4 တို့ကို ကိုင်တွယ်ရတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်မျိုး ရဖို့ပါ။ အခု Note 5 ကို ကိုင်လိုက်တဲ့အချိန်မှာ ပထမဆုံး ခံစားရတာ Samsung Note ဖုန်းကို ကိုင် နေပါလားဆိုတဲ့ခံစားချက်ပါ။ ဘာနဲ့မှ မတူပါဘူး။ အထိအတွေ့ကို ပြောတာပါ။ Note 4 ရဲ့ ဒီဇိုင်းကိုပဲ အခြေခံထားတယ်ဆိုပေမယ့် အပြောင်းအလဲတွေလုပ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် S စီးရီးဖုန်းတွေရဲ့ ဒီဇိုင်းမျိုး ကပ်ပါလာပါတယ်။ ယှဉ်ကြည့်မယ်ဆိုရင် သိပ်ခွဲခြားမရသေးပါဘူး။ အရင်တုန်းက Note 4 ရဲ့ကျောဘက်မှာ သားရေသားကို သုံးခဲ့ပေမယ့်လည်း Note 5 မှာတော့ မှန်ကို အသုံးပြုလာပါတယ်။ ဒါ့အပြင် သတ္တုကိုပါ သုံးထားပါတယ်။ ပြောရမယ်ဆိုရင် Galaxy S6 လိုပါပဲ။ အရွယ်အစားမှာတော့ S6 ထက် ပိုပြီးတော့ ကြီးပါတယ်။ ပြီးတော့ Note 5 က Note 4 ထက် ပိုပြီးတော့လည်း ပါးပါတယ်။ အလားတူ ပိုပြီးတော့ ပေါ့လာပါတယ်။171 g ပဲ ရှိပါတယ်။ 5 g လျှော့ချထားပါတယ်။ မှန်နှင့်သတ္တုတွေကို သုံးထားတဲ့ကြားထဲက အလေးချိန်ကို လျှော့ချထားတာပါ။ ကျောဘက်မှန်က ဘေးဘက်သို့ နည်းနည်းလေးကွေးပြီး ဆင်းသွားကာ သေသပ်လှပတာတွေ့ရပါတယ်။ ဆိုက်ဒ်ကြီးတယ်ဆိုပေမယ့် လက်နဲ့အလွယ်တကူ ဆုပ်ကိုင်ထားနိုင်ပါတယ်။ ဖုန်းရဲ့အောက်ဘက်မှာ
    micro USB အပေါက်၊ နားကျပ်ပေါက်၊ စပီကာတို့ ပါဝင်သလို ညာဖက်ထောင့်မှာ S-Pen ကို ထည့်သွင်းပေးထားပါတယ်။ S-Pen ကလည်း ကျစ်လစ်တဲ့ သေသပ်တဲ့ ဒီဇိုင်းမျိုးနှင့် ပြုလုပ်ထားပါတယ်။ Samsung Galaxy Note 5 ရဲ့ ဒီဇိုင်းပိုင်းကတော့ တော်တော်ကောင်းမွန်ပါတယ်။ အချို့ Note ပရိသတ်တွေကတော့ ကျောဘက်ကို လှဲလှယ်လို့မရတော့လို့ စိတ်မကောင်းဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီဇိုင်းပိုင်း ကောင်းမွန်ပါတယ်။

         Samsung Galaxy Note 5 က မျက်နှာပြင် 5.7 လက်မရှိပြီး ရုပ်ထွက် Super AMOLED ကို သုံးထားပါတယ်။ Super AMOLED စနစ်ကြောင့် အရောင်တွေကို ကြည့်ကြည့်လင်လင်မြင်တွေ့နိုင်မှာဖြစ်သလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ထွက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် နေ့အလင်းရောင်အောက်မှာ ကြည့်တဲ့အချိန်မှာလည်း ကြည့်ရတာ တော်တော်လေးကောင်းမွန်ပါတယ်။ ဂိမ်းကစားတဲ့အခါ၊ ဗီဒီယိုကြည့်တဲ့အခါ အင်မတန်ကောင်းမွန်တဲ့ အတွေ့အကြုံမျိုးကို ခံစားရပါတယ်။

         RAM 4GB၊ Octa-core Exynos 7420 တို့ကို အထိုင်ချထားတာကြောင့် စွမ်းဆောင်ရည် မြင့်မားပါတယ်။ S-Pen ပဲ သုံးသုံး၊ ဘယ် App ကိုပဲသုံးသုံး သုံးရတာ အင်မတန်ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ဟာ တစ်နေ့ပြီးတစ်နေ့ မရိုးရအောင် App တွေကို ဖြုတ်လိုက်၊ သွင်းလိုက် လိုက်နေတဲ့အပြင် ဗီဒီယိုတွေကိုလည်း ထည့်လိုက်၊ ဖြုတ် လိုက်လုပ်နေတတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အတွက်ကြောင့် အချို့ ဖုန်းတွေက အနည်းငယ် လေးသွားတတ်ပါတယ်။ ဒါပေမယ့် Samsung Galaxy Note 5 ကတော့ ဒီလိုမဖြစ်ပါဘူး။ အသုံးရတာ မြန်ဆန်နေတုန်းပါ။ Samsung Galaxy Note 5 မှာ အရင်တုန်းက မပါဝင်တဲ့ စနစ်တွေကို အားဖြည့်ထားပါတယ်။ S-Health လိုမျိုး App ပါ။ အသံစနစ်ကလည်း ပိုပြီးတော့ ကောင်းမွန်လာပါတယ်။ အထူးသဖြင့် အောက်ဘက်မှာ ထားတဲ့အတွက် အသံစနစ်က ပိုပြီးတော့ ကောင်းမွန်လာပါတယ်။ လက်ဗွေရာစနစ်ကလည်း တော်တော်လေး မြန်ဆန်ပါတယ်။ Samsung Galaxy Note 5 ကို 32 GB နှင့် 64 GB ဆိုပြီး နှစ်မျိုး ရောင်းနေပါတယ်။ နောက်ထပ် ကဒ်ထပ်စိုက်လို့ မရတော့ပါဘူး။ Android 5.1.1 Lollipop ကို အသုံးပြုထားပါတယ်။

         ကင်မရာအရည်အသွေးကိုတော့ ထိန်းထားဆဲဖြစ်ပါတယ်။ S6 လိုပဲ သုံးထားတာ တွေ့ရပါတယ်။ ကျောဘက်ကင်မရာ 16MP ဖြစ်ပြီး f/1.9 aperture ကို ထည့်သွင်းထားပါတယ်။ ဗီဒီယိုကိုလည်း 4K နှင့် ရိုက်ကူးနိုင်ပါတယ်။ ရှေကင်မရာကလည်း 5MPဖြစ်ပါတယ်။ ကင်မရာ App တွေကလည်း သုံးရတာ လွယ်ကူပါတယ်။ ဗီဒီယိုစနစ်မှာအနှေးရိုက်ကူးလို့ရအောင်လည်း ထည့်သွင်းထားပါတယ်။ ဓာတ်ပုံအရည်အသွေးပိုင်းမှာလည်း Samsung ဟာ Android လောကကို ဦးဆောင်ထားဆဲဖြစ်တာ တွေ့ရပါတယ်။ ဘက်ထရီပမာဏကတော့ 3000 mAh ဖြစ်ပါတယ်။ သာမန်ဖုန်းတစ်လုံးများတဲ့ပမာဏတစ်ခုလို့ ပြောလို့ရပေမယ့် Note အတွက်ကတော့ နည်းပါးတဲ့ပမာဏလို့ဆိုချင်ပါတယ်။

    8.50
    8.00
    8.50
    8.50
    8.50
    8.00
    Strength 
    ဒီဇိုင်း၊ ရုပ်ထွက်၊ စွမ်းဆောင်ရည်၊ ကင်မရာပိုင်း ကောင်းမွန်သလို S-Pen ရဲ့ ကြံ့ခိုင်မှုပိုင်းလည်း ကောင်းမွန်လာတာတွေ့ရပါတယ်။ S-Pen ရဲ ထိတွေ့မှု က ပိုပြီးတော့ ညက်ညောလာပါတယ်။
    Weakness 
    ဈေးမြင့်မားပါတယ်။ microSD Card ထပ်စိုက်လို့မရတော့သလို ဘက်ထရီပမာဏကလည်း နည်းပါးပါတယ်။ ဒါ့အပြင် ဘက်ထရီကိုလည်း ရွှေ့ပြောင်း လို့ မရပါဘူး။