You are here

8.4 Score

Xiaomi Mi 5X Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Xiaomi Mi 5X's Key Features

    SIZE 5.50in 1080 x 1920
    CAMERA 12MP Front 5MP
    CPU 2.00GHz Octa-core
    RAM 4GB up to 64GB Storage
    Android OS Android 7.1.1 Nougat
    BATTERY 3080mAh Li-Ion

    Xiaomi ဟာ ၂၀၁၇ ခုနှစ် ဒုတိယ သုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ သန်း ၂၀ ကျော်အထိ ရောင်းချရပြီး အခြေအနေကောင်းခဲ့ပါတယ်။ Xiaomi ဟာ သူတို့အတွက် ဈေးကွက်သစ်များဖြစ်တဲ့ မက္ကဆီနှင့် အရှေ့ဥရောပဈေးကွက်များသို့ ၀င်ရောက်လာမှုနှင့်အတူ ရောင်းအား မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် Xiaomi ဟာ ထိုင်းဈေးကွက်သို့လည်း ၀င်ရောက်လာပြီဖြစ်သလို တရုတ်နိုင်ငံမှာလည်း အော့ဖ်လိုင်းစတိုးများ ဖွင့်လှစ်လာပါတယ်။

    ယင်းသို့ ဈေးကွက်ပိုင်းမှာ လုပ်ဆောင်နေသလို ဈေးကွက်က တောင်းဆိုတဲ့အတိုင်း စမတ်ဖုန်းသစ်များလည်း တစ်လုံးပြီး တစ်လုံး ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ Xiaomi က မကြာသေးမီက ထုတ်လုပ်ရောင်းချလာတဲ့ စမတ်ဖုန်းသစ်က Xiaomi Mi 5X ဖြစ်ပါတယ်။ Mi စီးရီးဆိုပေမယ့် အဆင့်မြင့် စမတ်ဖုန်းမဟုတ်ပါဘူး။ အလယ်အလတ်တန်းပစ္စည်းများကို အသုံးပြုထားပါတယ်။ ဒါပေမယ့် Mi စီးရီးဖုန်းဖြစ်တာနှင့်အညီ ဒီဇိုင်းပိုင်းကို ကောင်းမွန်အောင် လုပ်ထားတဲ့အပြင် ကင်မရာပိုင်းကလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ စိတ်လှုပ်ရှားဖို့ အကောင်းဆုံးကတော့ ဈေးနှုန်း ဖြစ်ပါတယ်။ RAM4GB+64GB ရဲ့ဈေးနှုန်းက မြန်မာကျပ်ငွေ ၃၀၅၀၀၀ ဖြစ်ပါတယ်။ Xiaomi Mi 5X က ပေးရတဲ့ငွေပမာဏ ၊ ပြန်ရတဲ့ စွမ်းဆောင်ရည် ကိုက်ညီမှုရှိသလား ကြည့်လိုက်ရအောင် . .  

    Xiaomi Mi 5X ကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပါတယ်။ အလယ်အလတ်တန်းဖုန်းဆိုပေမယ့် ဒီဇိုင်းကတော့ အဆင့်မြင့် စမတ်ဖုန်း ဒီဇိုင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းကလည်း Mi 5 နှင့်လည်း များစွာ ကွာခြားပါတယ်။ အနားများကို ကွေးထားတာကြောင့် ကိုင်တွယ်ရ လွယ်ကူပါတယ်။ ဖုန်းဒီဇိုင်းကတော့ iPhone 7 Plus ၊ OnePlus 5 တို့နှင့် တော်တော်လေး ဆင်တူပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်၊ အသံအတိုးအချဲ့ခလုတ်တို့ကို ညာခြမ်းမှာ ထည့်သွင်းထားပါတယ်။ ထူးခြားတာကတော့ LED Flash ကို ကျောဘက်ကင်မရာနှစ်ခုရဲ့ ညာခြမ်းမှာ ထည်ည့သွင်းထားတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် LED Flash ကို ကင်မရာရဲ့ ဘယ်ခြမ်းမှာပဲ ထည့်သွင်းတတ်ကြပါတယ်။ Xiaomi Mi 5X ကို အရောင်သုံးမျိုးနှင့် ရွေးချယ်နိုင်ပါတယ်။  ပန်းရောင်၊ ရွှေရောင်နှင့် အနက်ရောင်တို့ ဖြစ်ပါတယ်။ အနက်ရောင်ဖုန်းက ဖုန်းမျက်နှာပြင်ရော အနက်ရောင်ဖြစ်ပါတယ်။

    Xiaomi Mi 5X က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး FHD ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ 1920×1080 p Resolution ဖြစ်ပါတယ်။ 2.5D ရုပ်ထွက် သုံးထားပါတယ်။အလယ်အလတ်တန်း စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ ရုပ်ထွက်မျိုး ဖြစ်ပါတယ်။ FHD ရုပ်ထွက်ဖြစ်တာကြောင့် ကောင်းမွန်တဲ့ ရုပ်ထွက်ကို ခံစားကြည့်ရှုနိုင်ပါမယ်။ အလင်းရောင်ပေးစွမ်းမှု၊ အနက်ရောင်ပေးစွမ်းမှု ကောင်းမွန်ပါတယ်။ အကောင်းဆုံးရုပ်ထွက်မဟုတ်ပေမယ့်လည်း စိတ်ကျေနပ်မှု အပြည့်ရရှိစေမယ့် ရုပ်ထွက်မျိုး ဖြစ်ပါတယ်။

    ယခုနှစ်မှာ Xiaomi ဟာ Mi 6 မှာ ကျောဘက်ကင်မရာနှစ်ခုစနစ်ကို ထည့်သွင်းပြီးတဲ့နောက် Mi 5X မှာလည်း ထည့်သွင်းလာပါတယ်။ Mi 5X မှာလည်း Mi 6 မှာ သုံးထားတဲ့ ကင်မရာကို သုံးထားပါတယ်။ ကျောဘက်ကင်မရာနှစ်ခုက 12MP+12MP ဖြစ်ပါတယ်။ တစ်ခုက မြင်ကွင်းကျယ် ရိုက်ကူးဖို့ ထောက်ပံ့ပေးပြီး ကျန်တစ်ခုက အလင်းဝင်ပေါက် f/2.2 သုံးထားပြီး Telephoto ရိုက်ကူးဖို့ ထောက်ပံ့ပေးပါတယ်။ 2x Zoom ဆွဲ ပြီး အသုံးပြုနိုင်ပါမယ်။ အခြား စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ကျောဘက်ကင်မရာနှစ်ခုစနစ်လိုပဲ နောက်ခံဝါးပြီး ရိုက်ကူးနိုင်ပါမယ်။ ဗီဒီယို ရိုက်ကူးမှုကို 2160 p ဆိုရင် 30fps ဖြင့်လည်းကောင်း၊ 720 p ဆိုရင် 120 fps ဖြင့်လည်းကောင်း ရိုက်ကူးနိုင်ပါတယ်။

    Xiaomi Mi 5X ရဲ့ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးမှုကို 1080 p ဖြင့် ပြုလုပ်နိုင်ပါမယ်။ ရှေ့ကင်မရာက 5MP ဖြစ်လို့ နည်းတယ်လို့ ယူဆရပေမယ့် တကယ်တမ်းမှာတော့ Beauty Mode ပါဝင်တာကြောင့် လူမှုကွန်ယက်မှာ တင်ဖို့ လှပတဲ့ Selfie ဓာတ်ပုံများ ရိုက်ကူးနိုင်ပါမယ်။

    Xiaomi Mi 5X ကို Snapdragon 625 နှင့် အထိုင်ချထားပါတယ်။ အလယ်အလတ်တန်း Qualcomm Chip တွေထဲမှာ စွမ်းဆောင်အမြင့်ဆုံး မဟုတ်ပေမယ့်လည်း ပါဝါသုံးစွဲမှု အနည်းဆုံး Chip ဖြစ်ပါတယ်။ Snapdragon 660 ၊ Snapdragon 630 တို့လောက် စွမ်းဆောင်ရည်ပိုင်း မမြင့်မားပေမယ့်လည်း App တွေ အများကြီး သုံးဖို့ လုပ်ဆောင်တဲ့ စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ပါဝါစီမံခန့်ခွဲမှု ကောင်းမွန်ပါတယ်။ Xiaomi Mi 5X ကို RAM4GB+32GB နှင့် RAM4GB+64GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ Storage ပိုင်းကလည်း ဗီဒီယို၊ ဂိမ်းနှင့် သီချင်းအမြောက်အမြား ထည့်သွင်းဖို့ လုံလောက်ပါတယ်။

    Xiaomi စမတ်ဖုန်းတော်တော်များများ Android Nougat update မရရှိသေးပါဘူး။ Xiaomi Mi 5X ကတော့ Android 7.1.1 Nougat အခြေခံထားတဲ့အပြင် MlUl 9 အသုံးပြုထားပါတယ်။ MlUl 9 က Xiaomi က အသစ် ဖန်တီးထားတဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။ စွမ်းဆောင်ပိုင်းကောင်းမွန်တဲ့အပြင် အသုံးပြုရ ပိုမို ရိုးရှင်းလွယ်ကူပါတယ်။ ဒါ့အပြင် Image Search ၊ Smart Assistant ၊ Smart App Launcher တို့လို Smart စနစ်များစွာ ပါဝင်လာပါတယ်။

    Xiaomi Mi 5X မှာ ဘက်ထရီ 3080 mAh ပါဝင်ပါတယ်။ မျက်နှာပြင် ၅.၅ လက်မဖုန်းအတွက် တစ်နေ့တာ အသုံးပြုဖို့ လုံလောက်တဲ့ ပမာဏဖြစ်ပါတယ်။ ဒါ့အပြင် အလျှင်အမြန် အားသွင်းစနစ် ပါဝင်ပါသေးတယ်။

    8.50
    8.00
    8.50
    8.50
    8.50
    8.50
    Strength 
    ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ ကင်မရာ၊ စွမ်းဆောင်ရည်က ကျေနပ်စရာကောင်းပါတယ်။
    Weakness 
    အလယ်အလတ်တန်းဖုန်းပီပီ ရုပ်ထွက်ပိုင်းနှင့် ပါဝါစွမ်းဆောင်ရည်ပိုင်း အနည်းငယ်အားနည်းတယ်ဆိုပေမယ့် ငွေကျပ် သုံးသိန်းအနည်းငယ်စွန်းတဲ့ ဈေးကွက်ထဲမှာတော့ အကောင်းဆုံးဖုန်းလို့ ပြောချင်ပါတယ်။