8.4 Score

Xiaomi Mi Max 2 Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Xiaomi Mi Max 2's Key Features

    SIZE 6.44in 1080 x 1920 pixels
    CAMERA 12MP Front 5MP
    CPU 2.00GHz Octa-core
    RAM 4GB up to 128GB Storage
    Android OS Android 7.1.1 Nougat
    BATTERY 5300mAh Li-Ion

    Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက သူတို့ရဲ့ ပထမဆုံး မျက်နှာပြင် ၆ လက်မရှိ စမတ်ဖုန်းဖြစ်တဲ့ Mi Max ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တော့ Mi Max က Xiaomi က ထုတ်လုပ်တဲ့ ပထမဆုံး အရွယ်အစားကြီး စမတ်ဖုန်းမဟုတ်ပါဘူး။ ပထမဆုံး အရွယ်အစားကြီး စမတ်ဖုန်းက မျက်နှာပြင် ၅.၇ လက်မရှိ Mi Note  ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကပါ။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ Xiaomi ဟာ Mi Max တန်ဖိုးသင့် ဈေးကွက်သို့လည်း ရောင်းချလိုတာကြောင့် Mi Max ကို ထုတ်လုပ်ခဲ့ပါတယ်။ Mi Max ကို ထုတ်လုပ်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ Multimedia အကောင်းဆုံးသုံးနိုင်ဖို့ ဖြစ်ပါတယ်။

    Xiaomi ရဲ့ ကြိုးစားအားထုတ်မှု ထိရောက်အောင်မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Xiaomi ဟာ Mi Max အလုံးရေ ၃ သန်းကျော်ရောင်းချခဲ့ရပါတယ်။ ဒါကြောင့်လည်း Xiaomi ဟာ ယခုနှစ်မှာ ဒုတိယမျိုးဆက် အရွယ်အစားကြီး စမတ်ဖုန်း Mi Max 2 ကို ထုတ်လုပ်လာခဲ့ပါတယ်။

    Mi Max 2 မျက်နှာပြင် ၆.၄၄ လက်မရှိတဲ့အပြင် Snapdragon 625 ၊ RAM4GB ၊ ROM64GB ပါဝင်တာကြောင့် ဗီဒီယို၊ စာအုပ်များစွာ သိမ်းထား ကြည့်ရှုနိုင်ပါမယ်။ ဒါ့အပြင် ဘက်ထရီ 5300 mAh ပါဝင်တာကြောင့် အချိန်ကြာမြင့်စွာ သုံးနိုင်ပါမယ်။

    Xiaomi Mi Max 2 64GB ရဲ့ ဈေးနှုန်းက မြန်မာကျပ်ငွေ ၃၁၀၀၀၀ ဖြစ်ပြီး 128GB ဈေးနှုန်းက မြန်မာကျပ်ငွေ ၃၄၅၀၀၀ ဖြစ်ပါတယ်။ Xiaomi Mi Max 2 က ပေးရတဲ့ ငွေပမာဏနှင့် ထိုက်တန်တဲ့ အရည်အသွေးမျိုးရသလား? တကယ်ကော Multimedia Phone ဖြစ်သလား ကြည့်လိုက်ရအောင် . . .

    Xiaomi Mi Max 2 က ယခင်မျိုးဆက် Mi Max နှင့် မျက်နှာပြင် အရွယ်အစားချင်း တူညီပေမယ့် ဒီဇိုင်းပိုင်း ကွဲပြားမှုတွေ ရှိနေပါတယ်။ Mi Max 2 ရဲ့ကိုယ်ထည်တစ်ခုလုံးကို သတ္တုနှင့် ဖန်တီးထားပါတယ်။ ထောင့်အနားတွေကို ကွေးထားတာကြောင့် အရွယ်အစားကြီးမားပေမယ့် ကိုင်တွယ်ရ လွယ်ကူစေပါတယ်။ 2.5D မှန် သုံးထားပါတယ်။ ဖုန်းရဲ့အပေါ်နဲ့အောက်မှာ အင်တင်နာလိုင်းထည့်သွင်းထားပါတယ်။ အနက်ရောင်ဗားရှင်းဖုန်းမှာတော့ ဒီလိုင်းကို မြင်ဖို့ ခက်ပါတယ်။

    ကျွန်တော်တို့အများစုက မျက်နှာပြင် ၅.၅ လက်မဖုန်းကိုပဲ အသုံးများတာကြောင့် Mi Max 2 က အနည်းငယ် ကြီးမားပါတယ်။ ဘယ်အိတ်ကပ်နဲ့မဆို အဆင်မပြေပါဘူး။ ဒါပေမယ့် Mi Max 2 က အရွယ်အစားကြီးပေမယ့် ၇.၆ မီလီမီတာပဲ ထူပါတယ်။  အလေးချိန် ၂၁၁ ဂရမ်ပဲ ရှိပါတယ်။ ကိုင်တွယ်ရအဆင်ပြေပါတယ်။ အရွယ်အစားကြီးမားမှုကြောင့် ဘောင်းဘီ၊ အကျီအိတ်ထဲထည့်ပြီး လမ်းလျှောက်တဲ့အခါမျိုးမှာ အဆင်အပြေမှု ရှိပေမယ့် ကိုင်တွယ်အသုံးပြုတဲ့အချိန်မှာတော့ စမတ်ကျတာ တွေ့ရပါတယ်။

    Xiaomi Mi Max 2 မှာ Home Button မပါဝင်ပါဘူး။ ဖုန်းမျက်နှာပြင် အပေါ်ပိုင်းမှာ ရှေ့ကင်မရာနှင့် ဆင်ဆာပါဝင်ပါတယ်။ ဖုန်းခေါ်ဆိုမှုစပီကာကိုလည်း စပီကာအဖြစ် သုံးထားပါတယ်။ ပါဝါခလုတ်နှင့် အသံအတိုးအချဲ့ခလုတ်ကို ညာခြမ်းမှာ ထည့်သွင်းထားပြီး ဘယ်ခြမ်းမှာ Dual-SlM ပေါက် လုပ်ထားပါတယ်။ အောက်ခြေမှာ USB Type C နှင့် စပီကာတစ်လုံးပါဝင်ပါတယ်။ ကျောဘက်မှာ လက်ဗွေရာစနစ်ကို ထည့်သွင်းထားပါတယ်။

    Xiaomi Mi Max 2 ရဲ့ဒီဇိုင်းကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီဇိုင်းပိုင်း ကျစ်လစ်ပါတယ်။ မျက်နှာပြင်ဒီဇိုင်းက ဘောင်နှင့်ပိုပြီးတော့ အနီးကပ်ဖြစ်လာတာကြောင့် ဗီဒီယို ကြည့်ရတာ Mi Max ထက် ပိုပြီးတော့ အဆင်ပြေစေပါတယ်။

    Mi Max 2 မှာလည်း ပြီးခဲ့တဲ့နှစ် Mi Max လိုပဲ Full HD (1080×1920 p) ရုပ်ထွက်ပဲ သုံးထားပါတယ်။ မျက်နှာပြင် ၆.၄၄ လက်မကို 1080 p နဲ့ပဲ ထောက်ပံ့ထားတာကြောင့် သင့်အနေနဲ့ ရုပ်ထွက် အားရစရာ မရှိနိုင်ဘူးလို့ ယူဆကောင်းယူဆနိုင်ပေမယ့် ရုပ်ထွက်ပိုင်း ကောင်းမွန်တာ တွေ့ရပါတယ်။ အရောင်ပေးစွမ်းနိုင်မှု ကျေနပ်စရာ ကောင်းပါတယ်။ အလင်းရောင် တိုက်ရိုက်တဲ့အချိန်မှာလည်း ကောင်းမွန်စွာ ကြည်ရှုနိုင်တာ တွေ့ရပါတယ်။

    Mi Max 2 ကို 2GHz Octa-core Qualcomm Snapdragon 625 နှင့် အထိုင်ချထားပါတယ်။ RAM4GB+64GB ပါဝင်ပြီး microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါသေးတယ်။ Snapdragon 625 ကို Redmi Note 4 မှာ သုံးပြီး လူကြိုက်များခဲ့ပြီးတဲ့နောက် Xiaomi ဟာ Mi Max 2 မှာလည်း ဆက်သုံးလာပါတယ်။ Snapdragon 625 ကို အချို့ စမတ်ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ အဆင့်မြင့် အလယ်အလတ်တန်းဖုန်းတွေမှာလည်း သုံးနေကြပါတယ်။ Snapdragon 625 က ဘက်ထရီ စားမများဘဲ၊ အပူလွန်ကဲခြင်းမရှိဘဲ ကောင်းမွန် အလုပ်လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Xiaomi Mi Max 2 ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နှင့် နေ့စဉ်နှင့်အမျှ အသုံးပြုနိုင်ပါမယ်။ Xiaomi Mi Max တုန်းက Snapdragon 650 သုံးခဲ့လို့ စွမ်းဆောင်ရည် ပိုကောင်းတယ်လို့ ယူဆနိုင်ပေမယ့် စွမ်းအင်ချွေတာမှုပိုင်း၊ လုပ်ဆောင်မှုပိုင်းမှာ Snapdragon 625 က ပိုပြီးတော့ ကောင်းမွန်ပါတယ်။

    Xiaomi Mi Max 2 ရဲ့ စပီကာကလည်း ကျယ်လောင်ပြီး ကောင်းမွန်တာ တွေ့ရပါတယ်။  အထူးသဖြင့် စတီရီယိုစပီကာနှစ်ခုသုံးထားတာကြောင့် ရုပ်ရှင်ကြည့်တဲ့အခါ၊ သီချင်းဗီဒီယိုကြည့်တဲ့အခါ ကောင်းမွန်တဲ့ အသံကိုလည်း ခံစားနိုင်ပါမယ်။

    Xiaomi Mi Max 2 မှာ Android 7.1.1 Nougat အခြေခံ MlUl 8.5 သုံးထားပါတယ်။ App နှစ်ခု သုံးနိုင်ပါမယ်။ အသံရီကော်ဒါပါဝင်ပြီး စာမျက်နှာအပြည့် Screenshot လုပ်နိုင်မှာဖြစ်သလို လက်သုံးချောင်းသုံးပြီး Screenshot လုပ်နိုင်ပါမယ်။ ဒါ့အပြင် ညဖက် စာကြည့်ချိန်မှာ မျက်လုံးထိခိုက်ခြင်းမရှိအောင် Reading Mode ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

    Xiaomi Mi Max 2 မှာ အလွန်ကောင်းမွန်တဲ့ ကင်မရာ ပါဝင်ပါတယ်။ Xiaomi ရဲ့ အဆင့်မြင့် စမတ်ဖုန်း Mi 6 မှာ အသုံးပြုထားတဲ့ Sony lMX 386 ဆင်ဆာ အသုံးပြုထားပါတယ်။ ကျောဘက်ကင်မရာ 12MP ဖြစ်ပြီး အလင်းဝင်ပေါက် f/2.2 သုံးထားပါတယ်။ Phase Detection Autofocus နှင့် Dual Tone LED Flash ပါဝင်ပါတယ်။ ဗီဒီယို ရိုက်ကူးမှုကို 4K ဖြင့် ပြုလုပ်နိုင်ပါတယ်။ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။

    မြန်မာကျပ်ငွေ သုံးသိန်းစွန်းစွန်း ဖုန်းတွေထဲမှာ Xiaomi Mi Max 2 က အကောင်းဆုံးကင်မရာပိုင်ဆိုင်ထားလို့တောင် ပြောနိုင်ပါတယ်။ ကင်မရာစွမ်းဆောင်ရည်က အံ့မခန်း ကောင်းမွန်ပါတယ်။

    အထူးသဖြင့် အလင်းရောင်ကောင်းမွန်တဲ့ နေရာမျိုးမှာ ရိုက်ကူးတဲ့ ဓာတ်ပုံက အထူးကျေနပ် အားရစရာ ကောင်းမွန်ပါတယ်။ Dynamic Range ကလည်း ကောင်းမွန်ပါတယ်။ ဓာတ်ပုံတွေက အသေးစိတ်နိုင်ပါတယ်။

    ရှေ့ကင်မရာကတော့ 5MP ဖြစ်တာနဲ့အညီ အလင်းရောင်ကောင်းမွန်မှာ ဓာတ်ပုံကောင်းရိုက်ကူးနိုင်ပါတယ်။ ပြောရမယ်ဆိုရင် သာမန်မျှသာ ရှိပါတယ်။

    Xiaomi Mi Max 2 က အရွယ်အစားကြီးမားသလို ဘက်ထရီပမာဏကလည်း များပြားပါတယ်။ ဘက်ထရီ 5300 mAh အထိ ပါဝင်ပါတယ်။ တစ်ချို့ပါဝါဘဏ်တွေထက်တောင် ဘက်ထရီပမာဏ များပါသေးတယ်။ ဘက်ထရီပမာဏများပြားတာကိုတောင် Xiaomi က ၇.၆ မီလီမီတာပဲ ထူအောင် လုပ်ဆောင်ထားမှုကိုတော့ ချီးကျူးရပါမယ်။

    Xiaomi က ဗီဒီယို ကြည့်မယ်ဆိုရင် ၁၈ နာရီ၊ စာဖတ်မယ်ဆိုရင် ၁၉ နာရီ၊ သီချင်းနားထောင်မယ်ဆိုရင် ၁၀ ရက်၊ ဂိမ်းကစားမယ်ဆိုရင် ၉ နာရီ ဆက်တိုက် ပြုလုပ်နိုင်မယ်လို့ ပြောကြားထားပါတယ်။ ပုံမှန်အသုံးပြုမယ် ဆိုရင်တောင် အနည်းဆုံး ၂ ရက်ကြာ အသုံးပြုနိုင်ပါမယ်။

    ဘက်ထရီပမာဏများပြားလို့ ဘက်ထရီအားသွင်းတဲ့အခါ အချိန်များစွာ ယူရမှာကို မစိုးရိမ်ပါနဲ့။ Quick Charge 3.0 ပါဝင်ပါတယ်။ ဒါ့အပြင် USB Type C သုံးထားပါတယ်။ တစ်နာရီအားသွင်းရုံနဲ့ ဘက်ထရီ ၆၈ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး တစ်နေ့တာ အသုံးပြုနိုင်ပါမယ်။

    8.50
    8.00
    8.00
    8.50
    8.00
    9.50
    Strength 
    ကျောဘက်ကင်မရာစွမ်းဆောင်ရည်မြင့်မားပြီး ဘက်ထရီ ပမာဏအလွန်များပြားတဲ့အပြင် အရွယ်အစားကြီးမားတာကြောင့် ရုပ်ရှင်ကြည့်တဲ့အခါ အလွန်အဆင်ပြေပါတယ်။ Tablet ၀ယ်မယ့်သူတွေအ နေနဲ့ ဒီဖုန်းကို ရွေးချယ်သင့်ပါတယ်။
    Weakness 
    Xiaomi ဖုန်းတွေရဲ့ ထုံးစံအတိုင်း ဆော့ဝဲလ်ပိုင်းမှာ အားနည်းချက်ရှိပါတယ်။ အရွယ်အစားကြီးမားတာကြောင့် အထူးသတိထား ကိုင်တွယ်ဖို့တော့ လိုအပ်ပါတယ်။